|
|
|
နိုင်ငံရေး
|
|
Written by မျိုးချစ်
|
|
Tuesday, 09 March 2010 08:44 |
|
လာရီဂျေဂင်
Monday, 08 March 2010 16:08
ဘန်ကောက် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထားပါတယ်။
''မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အဖွဲ့ဝင်တွေကို ရွေးကောက်တင်မြှောက်ဖို့ ဒီနှစ်မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးမှာဖြစ်တယ်'' လို့ အခုအပတ်အစောပိုင်း ထုတ်ဝေတဲ့ အစိုးရထုတ် နေ့စဉ်သတင်းစာတိုင်းရဲ့ ရှေ့ဆုံးစာမျက်နှာရှိ တောင်သူလယ်သမားနေ့အထိမ်းအမှတ်ထုတ်ပြန်တဲ့ သူရဲ့ ကြေညာချက်မှာ ဖတ်ရှုရပါတယ်။
နိုင်ငံလူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားတွေကိုလည်း ငြိမ်ချမ်းပြီး ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံ တည်ဆောက်နိုင်တဲ့၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့ ပုဂ္ဂိုလ်တွေကိုသာ ရွေးကောက်တင်မြှောက်ကြဖို့ တိုက်တွန်းထားပါသေးတယ်။
ဒါပေမဲ့လည်း တကယ်တမ်းပြောရရင် သတိပေးချက်တွေလည်း ရှိပါသေးတယ်။
''တိုင်းတပါးသားတို့ရဲ့ အကူအညီနဲ့ ပြည်သူလူထုရဲ့ ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးမယ့် သူတွေရဲ့ အန္တရာယ်ကိုလည်း သတိကြီးကြီးထားရမှာဖြစ်တယ်'' လို့ သူက ဆိုပါတယ်။ (ဆက်ဖတ်ရန်)
|
|
|
နိုင်ငံရေး
|
|
Written by မျိုးချစ်
|
|
Tuesday, 09 March 2010 08:04 |
|
 အစဉ်အလာ၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုအတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျုဟာများအကြောင်းကို ရေးသားတင်ပြပါမယ်။
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘဝကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialsts တွေ၊ မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်းစားတဲ့ parochial participants တွေ၊ ဒေဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။ (ဆက်ဖတ်ရန်)
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 258 |