Home စာပေ ဝတ္တုတို
ဝတ္ထုတို
ကျွန်ုပ်နှင့် ကလေးလေးတို့ သားအမိ PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Monday, 15 March 2010 10:34
အမှာစကား ။ ။ ကျွန်တော့်ရဲ့ ခပ်ကြောင်ကြောင် မူအရ Personal ဆန်တဲ့စာတွေတင်ပေးလေ့မရှိပါဘူး ဘာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်ကနဲနဲဂေါက်တယ်လေ သိတယ် မဟုတ်လား :P
ဒါပေမယ့် ဒီစာလေးဖတ်ပြီးတော့ သူငယ်ချင်း နှစ်ယောက်ရဲ့ မေတ္တာတရားကို ခံစားလိုက်ရတယ် ဒါကြောင့်တင်ပေးလိုက်ပါတယ်
ကာယကံရှင်တွေကိုလဲ အသိမပေးတော့ပါဘူး သူတို့ က ကျွန်တော့်ဘော်ဘော်တွေဘဲဟာ မကျေနပ်လဲ ငြိမ်ခံပေါ့ အဲ့လို အနိုင်ကျင့်နေကြဘဲဟာ... ခစ်ခစ် :P
မျိုးချစ်
" ကျွန်ုပ်နှင့် ကလေးလေးတို့ သားအမိ "
“ဦးနော်... ဦးနော်..”
“ဟေ... ဟဲ့.. ဟဲ့.. ဘယ်သူလဲ..”
မျက်မှန်ထူထူပေါ် ဖြာကျနေသော နေရောင်အား လက်တစ်ဖက်ဖြင့် အုပ်ကာရင်း အသေအချာ ကြည့်သည်အထိ မည်သူ၊ မည်ဝါ မသဲကွဲသေး။ ဝိုးတဝါးမြင်နေရသည်မှာ မိန်းမငယ်တစ်ယောက်နှင့် အမယ်အိုတစ်ယောက်။
“ဦးနော်.. သမီးလေ.. ကလေးလေး လေ..”
ကျွန်ုပ် အံ့သြဝမ်းသာဖြစ်လွန်း၍ တုတ်ကောက်ကို အားပြုရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။
“ဟေ.. ကလေးလေး.. ဟား... သမီးကလေးလေး.. ဘယ်ကဘယ်လို ရောက်လာတာလဲ.. သမီးမေမေခင်ရော..”
အနီးနား လက်တစ်ကမ်းရောက်သည်အထိ ငယ်ရုပ်ဖော်မရလောက်အောင် ကလေးလေးမှာ အပျိုကြီးဖားဖားဖြစ်နေပြီ။
“ဦးနော်.. ဒီမှာလေ မေမေခင်..”
ကျွန်ုပ် မျက်မှန်ကို အသာပင့်ကာ မျက်စေ့ကို ပွတ်ရင်း အသေအချာကြည့်မိပြန်သည်။
“အလိုလေ.. ခင်လေးငယ်..!!!!”
ကျွန်ုပ် မယုံကြည်နိုင်လောက်အောင် အံ့သြသွားရတော့သည်။ ကလေးလေးနှင့် အတူပါလာသော အမယ်အိုကြီး ဆိုသူမှာ အခြားသူမဟုတ် ကျွန်ုပ်၏ ငယ်ပေါင်း ဘော်ဒါကြီး ခင်လေးငယ် ဖြစ်လို့နေသည်။ ဒင်းခမျာ သက်တူရွယ်တူ ကျွန်ုပ်ထက်ပင် များစွာ အိုမင်းရင့်ရော်နေလေပြီ။ ခါးလည်း အတော်ကိုင်း၍ နားလည်း အတော်ထိုင်းပုံပေါက်နေပြီ။ ပါးရည်များ တွန့်လိပ်၍ အသားမှာ မွဲခြောက်ခြောက် ဖြစ်နေပြီ။ ပါးရိုးများ ငေါထွက်၍ မေးစေ့လည်း ချွန်ထွက်နေလေပြီ။ သွားများကျိုးနေသည်မှာလည်း ကျိုးတိုးကျဲတဲနှင့် တောင်တစ်ချောင်း၊ မြောက်တစ်ချောင်း ဖြစ်လို့နေလေပြီ။ သွားများ မရှိတော့သောကြောင့် ပါးနှစ်ဘက်ချိုင့်ဝင်၍ နှုတ်ခမ်းလည်း အတွင်းသို့ လိပ်ဝင်နေလေပြီ။ လည်ပင်းလည်း အနည်းငယ်တိုသွားသည်ဟု ထင်ရလောက်အောင် ပုခုံးနှစ်ဘက်ကြား ပုဝင်နေလေပြီ။ “အော်... ဇရာ.. ဇရာ ခင်လေးငယ် အိုစာသွားလိုက်ပုံများ ငယ်ကလို ပြည့်ဖောင်းဖောင်းမဟုတ် လေလျော့သွားသည့် ပူစီဖေါင်းနှယ်....” (ဆက်ဖတ်ရန်)
မေမေ... သားရှာနေတာကြာလှပြီ PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Monday, 15 March 2010 09:15
(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။
အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။
(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။
နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။
အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။
"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။
"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"
စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။
(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။
ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။
လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။ (ဆက်ဖတ်ရန်)
ကျွန်တော် တကယ်သေပါမည် PDF Print E-mail
User Rating: / 1
PoorBest 
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Saturday, 06 March 2010 08:53
aဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင် အမေ့ထံသို့  ကျွန်တော်သေဆုံးပြီဖြစ်ကြောင်း ကြေးနန်းရိုက်လိုက်သည်..။
̎ကျော်ကျော်ဆုံးပြီ ̎ ။ဒါပဲ။
အမေနှင့်ကျွန်တော် ဘယ်တုန်းကမှမတည့်ပါ။ မတည့်ရုံမက တခါတလေမှာ တယောက်ကိုတယောက် သေသေချာချာပင်မုန်းကြသည်ဟုဆိုရပါလိမ့်မည်။
ကျွန်တော့်မှာ အမေတယောက်ထဲရှိပေမယ့်  အမေ့မှာက သားသမီးလေးယောက်ရှိသည်။ ကျွန်တော့်အထက်က အစ်ကိုနှစ်ယောက်၊ အစ်မတယောက်။ ကျွန်တော်ကအငယ်ဆုံး။ သို့ သော် အစ်ကိုတို့ ၊အစ်မတို့ က အမေ့မှာမူလကရှိခဲ့သူများဖြစ်သည်။ အဖေနှင့်ရသည်က ကျွန်တော်တယောက်ထည်း။
̎ ငါ့သား နှစ်ပက်လောက်တော့ချနိင်တယ် ̎  အဖေဂုဏ်ယူသောစကား။ (ဆက်ဖတ်ရန်)
ငါ့အနာဂတ်ပေါ်မှာ PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Saturday, 13 February 2010 04:50
နွေကူးကာလ ရောက်လုနီးတာတောင်မှ အပူချိန် တော်တော်လေး ကျနေသေးသည်။ လမ်းထိပ်က Tim Hortons ရှေ့တွင် ရပ်ရင်း လုပ်ဖော်ကိုင်ဘက်ကို စောင့်နေမိသည်။ နေရောင်ခြည် အေးအေးလေး အောက်မှ နံနက်ခင်း လေပြေနှင့်၊ လက်ထဲမှ လ္ဘက်ရည်နံ့ မွှေးမွှေးလေးရယ်က သင်းပျံ့ လတ်ဆတ် နေသည်။ အခုလို သိပ်လှသော နံနက်ခင်းလေးတွင် အလုပ်မသွားရပဲ ဒီဆိုင်လေးထဲမှာ ထိုင်လို့  သတင်းစာလေးကို အေးအေးလေး ဖတ်နေရလျှင် သိပ်ကောင်းမည်ဟု တွေးနေမိသည်။
လုပ်ဖော်ကိုင်ဘက် မောင်းလာသော ရုံးမှပေးထားသော ကားဖြူလေး ဆိုက်လာတော့ ကားထဲသို့ ၀င်ထိုင်လိုက်သည်။ ကောင်းသော နံနက်ခင်းပါလို့ နှုတ်ဆက်အပြီး သူက အစီအစဉ်တွေ ပြောပြပြီး တနေ့တာ အလုပ်စဖို့ တွက်လာကြသည်။
လူသူရှင်းသော ရပ်ကွက်လေးတခု၏ တောင်ကုန်းမြင့်ပေါ်သို့ ကားနှင့်တက်လာတော့ သံတခါးဂိတ်ကြီးကို လှမ်းမြင်နေရသည်။ သူကကားဖုန်းနှင့် အိမ်ကြီးဆီသို့ လှမ်းဆက်ပြီး တခါးဖွင့်ပေးရန်ပြောလိုက်သည်။ ဂိတ်ရှေ့ ကားဆိုက်တော့ တခါးက ညင်ညင်သာသာနှင့် အသံမမြည်ပဲပွင့်သွားသည်။ ခြံဝင်းထဲတွင် ရှားရှားပါးပါး ငှက်ပျောပင်များနှင့်အတူ Day lily, Japanese Water Iris နှင့် Marigold များမျက်စိတဆုံး၊ ဆင်ဝင်အောက်တွင် ကားရပ်ပြီး လိုအပ်သော ပစ္စည်းများ နောက်ဖုံးထဲမှ ယူနေစဉ် ခပ်လှမ်းလှမ်း ပန်းခြံထဲမှ ကျောက်တုံးတစ်တုံးမှ သီချင်းသံ ခပ်တိုးတိုး ထွက်နေ၍ အံသြပြီး ငေးကြည့်လိုက်မိသေးသည်။ တကယ်တော့ ထိုကျောက်တုံးသည် ပန်းခြံထဲတွင် ထားသော ရေစိုခံ စပီကာဖြစ်ကြောင်း နောက်တော့ သိလာရသည်။ အိမ်တွင်းမှ အဝေး ထိန်းခလုတ်နှင့် လှမ်းဖွင့်လိုက်လို့ အိမ်ရှေ့တံခါးက အလိုအလျှောက် အလိုလို ပွင့်သွားကာ အလွန်ကြီးမား ရှည်လျှားသော ဧည့်ခန်းကြီးထဲကို ရောက်လာကြသည်။ (ဆက်ဖတ်ရန်)
ဖေဖေ့ကိုချစ်တယ် PDF Print E-mail
စာပေ - ဝတ္ထုတို
Written by မျိုးချစ်   
Friday, 29 January 2010 02:02
ကျွန်မတို့နေထိုင်ရာ တိုက်ခန်းကို အချိန်မတော် ရောက်ရှိလာတဲ့ ယာဉ်ထိန်းရဲအရာရှိရဲ့ မျက်နှာအမူအရာကို မြင်လိုက်ထဲက ဆိုးဝါးတဲ့သတင်းကို ကြားရတော့မယ်ဆိုတာ သိလိုက်မိပါတယ်။
“ မစုစု ရဲ့ အဖေ ယာဉ်တိုက်မှုဖြစ်လို့ပါ..။ သူတို့မောင်းလာတဲ့ ကားကို တစ်ဖက်ကကားက ၀င်တိုက်တာပါ။ စိတ်မကောင်းပါဘူးခင်ဗျာ..။ မစုစုရဲ့ အဖေက အခြေအနေစိုးရိမ်ရလို့ အတွင်းလူနာ အနေနဲ့ဆေးရုံမှာ ထားခဲ့ရပါတယ်။ ခင်ဗျားအမေကတော့ သိပ်မစိုးရိမ်ရပါဘူး၊ ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးပါမယ် “ သူငယ်ချင်းဖြစ်သူ စုစုတော့မသိ။ ကျွန်မကတော့ ရဲအရာရှိရဲ့ စကားကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ခေါင်းထဲမှာ မူးရီဝေလာမိတယ်။
ကျွန်မနဲ့ စုစု တို့ဒီတိုက်ခန်းကို ပြောင်းလာခဲ့တာ မကြာသေးပါဘူး။ ကျွန်မတို့ LCCI ဖြေမယ်ဆိုတော့ စုစု က “ နင်..မြောက်ဒဂုံကနေ နေ့တစ်ဓူဝ ကျောင်းလာတက်ရတာ မလွယ်ဘူး.. ငါတို့စာလည်း အတူတူကျက်ရအောင် ဖေဖေသော့ပိတ်ထားတဲ့ မြို့ထဲက တိုက်ခန်းမှာ ငါတို့နှစ်ယောက် အတူနေကြမယ်.. မကောင်းဘူးလား “
ဒါနဲ့ဘဲ ကျွန်မလည်း မြောက်ဒဂုံအိမ်က ကျွန်မအခန်းလေးကို ထားခဲ့ပြီး ဒီတိုက်ခန်းမှာ စုစုနဲ့အတူ နေဖြစ်နေခဲ့တာပါ။ ဖေဖေက ပထမတော့ ကျွန်မဒီလို သွားနေဖို့ သဘောမတူဘဲ တားခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ချင်တာရှိရင် မဖြစ်မနေ လုပ်တတ်တဲ့ ကျွန်မရဲ့ဥာဉ်ကြောင့် နောက်ဆုံးမှာ ဖေဖေခွင့်ပြုခဲ့ရပါတယ်။ ဖေဖေ့ကတော့ မြောက်ဒဂုံက ခြံလေးထဲမှာ ဖေဖေ့အစ်မဖြစ်သူ ကြီးကြီးနဲ့ အတူကျန်နေခဲ့ရပါတယ်။ ကျွန်မေမေက ကျွန်မငယ်ငယ်လေးထဲက ဆုံးပါးသွားသူမို့ ဖေဖေသာကျွန်မရဲ့အမေ၊ ဖေဖေသာ ကျွန်မရဲ့အမေပါ။
ကျွန်မနဲ့ စုစု ဒီတိုက်ခန်းကို ပြောင်းလာစရက်က စုစုဖေဖေနဲ့ ကျွန်မဖေဖေတို့ နှစ်ယောက် တော်တော် အလုပ်များခဲ့ရပါတယ်။ စုစုဖေဖေက မီးကြိုးတွေဆင်၊ ရေပိုက်တွေစစ်ဆေး၊ ကျွန်မဖေဖေက ဆေးတွေသုတ်၊ အခန်းကို အလှအပဆင်ပေးနဲ့ ပင်ပန်းခဲ့ကြပါတယ်။ ဖခင်နှစ်ယောက်က အခန်းလေးကို နေချင့်စဖွယ် ဖန်တီးပေးခဲ့ပေမယ့် ကျွန်မတို့ နှစ်ယောက်ကတော့ မဖျော်တတ် ဖျော်တတ်နဲ့ ဖျော်ပေးခဲ့တဲ့ကော်ဖီနဲ့ ရယ်ဒီမိတ်ကိတ်မုန့်လေးသာ ပြင်ကျွေးနိုင်ခဲ့ပါတယ်။ ကျွန်မဖေဖေ့ အကြောင်းစဉ်းစားလိုက်တော့ ဖေဖေက အသားဖြူဖြူ ပိန်ပိန်နဲ့ အမြဲလိုမျက်နှာမှာ အပြုံးပန်းကို ဆင်မြန်းထားတတ်သူ။ တစ်ခါတစ်ခါ ကျွန်မကို စိတ်မဆိုးဆိုးအောင် နောက်ပြောင်တတ်ပြီး ကျွန်မစိတ်ဆိုးသွားမှ စတာကိုရပ်သူ။ ကျွန်မအတွက် ကြက်တောင်ရိုက်ဖော်၊ ကျွန်မနဲ့ စစ်တုရင်ဆော့ဘက်၊ စဉ်းစားလိုက်ရင် ကျွန်မဘ၀မှာ ဖေဖေမပါဝင်ခဲ့တဲ့ အစိတ်အပိုင်းဆိုတာမရှိခဲ့။
လာခေါ်တဲ့ ရဲကားရဲ့အနောက်ခန်းမှာ လိုက်လာရင်း ကျွန်မ စုစုရဲ့လက်ကိုဆုပ်ကိုင် အားပေးလာခဲ့ပါတယ်။ “ အဖေသေပြီ… အဖေသေပြီ “ လို့ သူက သနားစဖွယ် တတွတ်တွတ် ရေရွတ်နေရှာတယ်။
ကျွန်မငယ်ငယ်က ဖေဖေက ကျွန်မကို သူ့ပခုံးထက်မှာ တင်ပြီး သိပ်မှအိပ်တယ်လို့ ပြောဘူးတယ်။ ကျွန်မကျောင်း ပထမဆုံးတက်တဲ့နေ့ကလည်း ဖေဖေကအပြင် ပြူတင်းပေါက်ကနေ တနေကုန်အောင် ကိုယ်ယောင်ပြ နေပေးခဲ့ရတယ်တဲ့။ ကျွန်မ ကျောင်းကပွဲမှာ ပါဝင်ကပြရတုန်းကလည်း ဖေဖေက လက်ခုတ်လက်ဝါးတီး   အားပေးနေခဲ့တာ ပြန်မြင်ယောင်နေမိတယ်။   ကျွန်မကို ဖေဖေကားမောင်း သင်ပေးတုန်းက သူသိပ်နှစ်သက်တဲ့
ကားလေးရဲ့ မှန်ကို ကျွန်မခွဲပစ်ခဲ့လည်း ဖေဖေက အပြုံးမပျက်ခဲ့။ ကျွန်မ ပြသနာတစ်ခုခုတက်ရင် ကျွန်မလက်ချောင်းတွေက ဖေဖေ့ရဲ့ ဖုန်းနံပါတ်ကို ချက်ခြင်း နှိပ်မိလျှက်သားပါဘဲ။ (ဆက်ဖတ်ရန်)
Last Updated ( Friday, 29 January 2010 02:10 )
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 17
မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်
ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။
"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"
မျိုးချစ်မြန်မာ
မျိုးချစ် ၏ သီချင်းများ
Myo Chit Live (Webcasting)
Join Myo Chit Myanmar Fan Club
Contact Myo Chit
Myo Chit
President
Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.
Can't read fonts?
Can't see Myanmar letters?
You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.
Enjoy!
Get ZawGyi Remover
Get Gtalk Add-In Remover
Get ZawGyi Blog day Version (Best)
Get ZawGyi Key Board For Vista
ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...
စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်
(ဗိုလ်ချုပ်အောင်ဆန်း)
ခေတ်သစ် ဒို့ဗမာ
မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…
ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…
မျိုးချစ်
ငါတို့ အမေ
သံဝေဂ လင်္ကာ အသစ်
ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး
ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး
ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား
မျိုးချစ်
ပြည်သူ့သဘောထား (အစစ်)
လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…
သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…
နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…
ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…
မျိုးချစ်
အင်တာဗျူးများ
<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>
မြန်မာစံတော်ချိန်
C-BOX မှာ Register လုပ်ရန်
C-BOX မှာ Register လုပ်ရန်
ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်
မျိုးချစ်
Got G-Talk!
ZawGyi Converter
Visiting from another computer?
Can't read or install Zaw Gyi?
Just copy the letters you can't read
then paste them into this box
Wala!!!  :P
Enjoy!
စကားပြောခန်း
Watch DVB (Live)
DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ
Click HERE to go to direct url.
အဆင်ပြေကြမယ်လို့ထင်ပါတယ်
မျိုးချစ်
ပြန်လည်ရှာဖွေရန်
မဂ္ဂဇင်းများ
မြန်မာ့ရေးရာ သတင်းဌာနများ
အနုပညာ ကွန်ယက်များ
ဘာသာရေး စာမျက်နှာများ
ပရဟိတ အဖွဲ့အစည်းများ
နည်းပညာဆိုင်ရာများ
မိတ်ဆွေ Blogger များ
Web Dictionary
Mr. Creator ၏ ထိုးနှက်ချက်များ
ဟန်လေး ၏ ထိုးနှက်ချက်များ
မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ
ကမ္ဘာတဝှန်းမှ မိတ်ဆွေများ
ခုဘယ်သူတွေရှိနေသလဲ
သိနေတယ်လေ