|
စာပေ -
ဆောင်းပါး
|
|
Written by မျိုးချစ်
|
|
Wednesday, 25 November 2009 03:55 |
|
လက်ရှိအလုပ်လုပ်နေသော စင်္ကာပူနိုင်ငံ လူအိုရုံတစ်ခုမှသက်ကြီးရွယ်အိုများဧ။်နေ.စဉ်ဘ၀နှင်.စပ်လျဉ်း၍ရင်တွင်း၌ ခံစားမှုတခု ဖြစ်ခဲ.ရပါသည်။ ယခုကျွန်ုပ်သည် ငယ်ရွယ်သေးသော်လည်း မိမိဘ၀နှင်.ဆက်စပ်နေသော လူအိုဘ၀ကိုပြေး၍ခံစားမိသည်။
လူသားတိုင်းဟာ ဘ၀ရဲ. အာရုဏ်ဦးကို “အူဝဲ ” သံတွေနဲ.အတူနှုတ်ခွန်းဆက်ကြိုဆိုလာကြတယ်။ ဘ၀ရဲ.ခရီးလမ်းပေါ်ဝယ် နည်းအမျိုးမျိုး လမ်းအဖုံဖုံနဲ.ရှေ.ဆက်ကြတယ်...။တချို.က တင်.တောင်.တင်.တယ် ရာထူးကြီး ၊ စီးစိမ်ချမ်းသာ ဖြစ်ကြရသလို တချို.ကျတော.လည်း ဆင်းဆင်းရဲရဲ နဲ.အခြေခံလူတန်းစားဘ၀ဖြင်.အားထုတ်ခဲ.ရဧ။်..။ အဲဒီလို ဘ၀ရဲ.လမ်း ဖြတ်သန်းရာဝယ် အဆိုးအကောင်း သောင်းသောင်း ထွေလာ ကြုံကြရသလို ရင်တွင်းစိတ်သဏ္ဌာန်၌ စိတ်အရောင်အမျိုးမျိုးထင်းခဲ. ရသူတွေလည်းရှိဧ။် ။ ဘ၀ရဲ.အဆိုးအကောင်းတွေခံစား၇င်း ဘ၀ရဲ.ခရီးလမ်းကိုလျှောက်လှမ်းရင်း ဘ၀နေ၀င်ချိန် ဆီသို. အားငယ်စိတ် တွေနဲ.အတူ ကိုယ်ရဲ. နောက်ဆုံးနေ.ရက်တွေကို လူတိုင်းမျှော်ကြည်.မိမည်မလွဲပါ...။
တင်းမာလာခဲ.သော စိတ်ဓါတ်တို.သည်လည်း ဖျော.တော.တော. နေရောင်ပမာ အားမရှိတော.ပေ၊ နွမ်းလျနေလေရ.ဲ။ ရာထူးဂုဏ်ရှိန်တို.သည်လည်း မိမိနဲ.မဆိုင်တော.ပေ...။ မာန်မာနတို.သည်လည်း တခုမှကြွင်းကျန်မရှိတော.၊ အားအင်တို. သည်လည်းတနေ.ထက်တနေ. ရုတ်လျော.လာချေပြီ...။ မိမိကိုယ်ရေးကိုယ်တာကိစ္စများပင် မိမိကိုယ်တိုင်မစွမ်းနိုင်တော. အားငယ်လှသော မျက်နှာဖြင်. အကူအညီ ရှာရ...။ ဟိုအရင်ဘ၀ကိုတမ်းတရင်း လွမ်းဆွတ်မှုဝမ်းနည်းမှုမျက်ရည်တို.သည် တွန်.နေသော ပါးပြင်ပေါ် မျက်ရည်အဖြစ် တလိမ်.လိမ်းစီးခဲ.လေပြီ...။
လူအိုရုံဆိုသည်မှာ မသန်မစွမ်းအားအင် ချိနဲ.သော ခိုကိုးရာမဲ.သော အိုမင်းသော သူတွေစုဝေးထားရှိရာနေရာဖြစ်သည်။ တချို.ကနေထိုင်စရာမရှိ စားစရာမရှိ ခွက်လက်စွဲတောင်းစား နေရာမှ ဖိုးဘွားစောင်.ရှောက်ရေးအဖွဲ.(သို.) အစိုးရကကောက် ယူ ကျွေးမွေးထားသလို တချို.ကျတော.လည်း မိသားစုပင် ရှိသော်ငြား မိသားစုနှင်. အတူနေချင်သော်လည်း ပိုက်ဆံပေးပြီး လူအိုရုံကိုပို.လိုက်တာပါ။
မိမိကြောင်. သားသမီး၊ မြေးတို. အနှောက်အယှက် မဖြစ်စေဖို.အတွက် ထားရာနေ စေရာသွားကြရတယ်.။ တနည်းအားဖြင်.မိမိချစ်သော သံယောဇဉ်ရှိသော သားသမီးမြေးမြစ်တို.နှင်. နောက်ဆုံး နေ၀င်ချိန် အထိ ခွဲခွာနေထိုင်ရန်ပို.လိုက်ခြင်းမဟုတ်ပါလား သိသိရက်နှင်.လက်ခံလိုက်ရသည်။ အဲဒီအချိန်မှာ “ဟိုအရင်ကငါ ငါမဟုတ်တော.ပါလား ၊ အရာရာကိုလည်း မစီစဉ် စအုပ်ချုပ်နိုင်တော. သြဇာအဏာ တို.သည်လည်ပျောက်ဆုံး မိမိချစ်သော သူတို.ကိုပင် မပြုစုပေးနိုင်တော.တဲ. ပြန်အပြုစုခံနေရတဲ.ငါ တုန်ရီနေတဲ. ငါ.လက်တွေ ၊ မှုန်ဝါးလာတဲ. ငါ.မျက်စိတွေ ၊ ရေးရေးသာကြားရတော.တဲ. ငါ.နားတွေ ကွေးကိုင်းနေသော ငါ.ရဲ.ခါးတွေဟာ ငါချစ်တဲ.သူတွေနဲ.ဝေးရာကို သေမင်းတံခါးဝရောက်ချိန်ထိတိုင် တွန်းပို.လိုက်လေပြီလား”..သံဝေဂတရားတို.တဖွားဖွားဖြင်..။
တချို.သားသမီးတွေက မိဘဆီမကြာမကြာ လာတွေ.တတ်ကြသလို တစ်နှစ်လုံးမှ တခါတောင်ပေါ်မလာသော သားသမီးများ လည်းရှိလေသည်။ အားကိုးအားထားပြုနေရသော သားသမီးတွေလာခဲ.လျှင် ၀င်းလက်သော မျက်နှာဖြင်. ခွန်အားသစ်တွေ ဖြစ်ပေါ်လာရစမြဲပါ..။အကယ်၍ သားသမီးတွေမလာလို. မေးကြည်.သော အခါတိုင်း ညှိုးငယ်စိတ်နှင်.အတူ “ငါဟာဘာသုံး လို.မရတော.ဘူး ငါ.ကို သေတဲ.အထိပြစ်သွားပြီ ၊ ငါဟာသေနေ.ကိုပဲစောင်.နေတာ”လို. မျှော်လင်.ချက်မဲ.စွာပြောလိုက်သော စကားသည် ရင်ထဲဆို.နှင်.ကြေကွဲစရာပင်..။ အရာရာတိုင်း မှီခိုနေရသော ဘ၀ကို သူတို.ငြီငွေ.လှသည်..။ သွားချင်သလိုမသွားရ “စိုက်ရေး ”တင်ထားသော ကုတင်ပေါ်တွင် လဲလျောင်းရင်း နေ.နေ.ညည အတွေးပေါင်း တထောင်နှင်. ရှူနေရသော အသက်ဖျော.ဖျော.ကိုပင် လက်လွတ်ချင်မိသည်..။ ကိုယ်တိုင်လည်းမစားနိုင် စားချင်တာလည်းမစားနိုင် တခြားလူခွန်းကျွေးမှ စားရ ဒါတောင်ခွန်.တဲ.လူကစိတ်ရှည်ရှည်ခွန်.ကျွေးမှ၊ ဇွန်းကိုကိုင်ပြီး ပါးစပ်ထဲထည်.ဖို.ပင် မစွမ်းနိုင်လေတော. မိမိအသက် ရှင်ရေးအတွက် မျက်နှာလုပ်ရသည်..။ရေအိမ်မသွားနိုင်၍ ကျင်ကြီးကျင်ငယ်ကို အိပ်ရာပေါ်မှာစွန်.လျှင် လူတွေရဲ. စိတ်မရှည်ခြင်း နှာခေါင်းရှုံ.ခြင်းကို မချိမဆံ. ခံစားရ..တနေ.ကုန်တနေခန်း အိပ်ရာပေါ်မှာလဲလျောင်း နေ.စဉ်နိစ္စတူဝလုပ်ငန်းတွေ အတွက် အကူအညိတောင်းဖို. အားနာလှချေပြီ။ မျော်လင်.စရာ မကျန်တော.သော၊ မီးစာလည်းကုန်ု ဆီလည်းခမ်းခဲ.သော ၊ချစ်တဲ.သူတွေနှင်.ခွဲခွာရသောငါ ဒီိလောကကြီးက...အမြန်ဆုံးထွက်သွားချင်ပါရဲ. ဟု တီးတိုးရေရွတ်နေလေ သယောင်ယောင်......။
သားသမီးတိုင်း ဖိုးဘွားမိဘတွေရဲ.ခံစာမှုကိုနားလည်နိုင်ကြပါစေ....။
မေတ္တာဖြင့်
သျှမ်းထွန်း
|