အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ပြသတဲ့ မြန်မာအနုပညာရှင်များရဲ့  Ideas & Ideals အနုပညာပြပွဲနဲ့ ပတ်သက်ပြီး သိလိုတဲ့အတွက် ပြပွဲတွင် ပါဝင်သူ ပန်းချီ – ဒီဇိုင်း ကိုမျိုးနဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ကာ လောကအလှမှ ကိုမျိုးအား အခုလို မေးမြန်းခဲ့ပါတယ်။ New York မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ပြသခဲ့တဲ့ မြန်မာအနုပညာရှင်များရဲ့  Ideas & Ideals အနုပညာပြပွဲ ပွဲစီစဉ်ခဲ့ပုံလေးကို ပြောပြပါဦး။ ဘယ်လို ရည်ရွယ်ချက်နဲ့ စီစဉ်ပြသခဲ့တယ်ဆိုတာလည်း ရှင်းပြပေးပါဦး။ နယူးယောက်မှာကျင်းပတဲ့ Ideas & Ideals အနုပညာပြပွဲ စီစဉ်ခဲ့ကြပုံက စီစဉ်သူ ကိုကျော်စွာသန့် နဲ့ ပန်းချီချောအိသိမ်းတို့က New York Open Centre က ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ကြပြီးတော့ နယူးယောက်မှာ နေထိုင်တဲ့ မြန်မာလူမျိုးပန်းချီဆရာတွေ အားလုံးကို စုစည်းပြီးတော့ မြန်မာ့ဓလေ့ ယဉ်ကျေးမှု အနုပညာလက်ရာအစုံကို နိုင်ငံခြားသားတွေ သိမြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ပြုလုပ်ခဲ့ပါတယ်။ ကိုကျော်စွာသန့်နဲ့ မချောအိသိမ်းတို့က စတင် အကောင်အထည်ဖော်ပြီးတော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ လက်ရာအစုံစုံကို နယူးယောက်မှာရှိတဲ့ အနုပညာမြတ်နိုးသူ နိုင်ငံခြားသားတွေကို ပြသခွင့်ရခဲ့ပါတယ်။ Connection between Myanmar people and Americans ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် ခုလိုမျိုး မြန်မာပန်းချီဆရာတွေ၊ ဓာတ်ပုံဆရာတွေ စုစုစည်းစည်းပြုလုပ်တဲ့ ပြပွဲမျိုး အမေရိကားမှာ မရှိခဲ့ဖူးဘူး။ ဒါ ပထမဦးဆုံးလည်း ဖြစ်တယ်။ နောက်ပြီး ဒီလို အခြေအနေ အခင်းအကျင်းလေးကနေ ဒီထက် ပိုမိုပြီး ကျယ်ပြန့်မယ့် သဘောဆောင်မယ့် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှု ဓလေ့တွေကို နိုင်ငံခြားသားတွေ သိစေချင်၊ သိသွားနိုင်အောင် အစပျိုး အရှိန်ယူတဲ့ သဘောလည်း သက်ရောက်ပါတယ်။ အခုလည်း ပြပွဲ ဖွင့်လှစ်တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကဆို မထင်မှတ်လောက်အောင် နိုင်ငံခြားသားတွေနဲ့ အမေရိကား အနယ်နယ်အရပ်ရပ်က မြန်မာမိသားစုတွေ လာရောက်ကြည့်ရှုအားပေးကြတာ လူဦးရေ (၃၀၀) ကျော်သွားပြီး ပြပွဲခန်းမ ပြည့်လျှံအောင် အားပေးကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေအားလုံးလည်း ၀မ်းသာ ပီတိဖြစ်ရတာ အတိုင်းမသိပါပဲ။ ဘယ်လို အနုပညာလက်ရာမျိုးတွေကို ခင်းကျင်းပြသပါသလဲ။ ခင်းကျင်းပြသတဲ့ လက်ရာတွေကတော့ Watercolour ၊ Acrylic ၊ Oil Paintings ၊ Photos & Abstract Structures နဲ့ ပန်းချီဆရာမ ချောအိသိမ်းရဲ့  life performance တို့ဖြစ်ပါတယ်။ ဒီ ပြပွဲမှာ မြန်မာပန်းချီဆရာတွေ အားလုံးက မိမိတို့ အိမ်တွင်းဖြစ် မြန်မာမုန့်ပဲသွားရေစာ၊ မြန်မာလက်ဘက်ရည်၊ မြန်မာ့ရိုးရာ လက်ဘက်တို့ဖြင့်လည်း တည်ခင်းကျွေးမွေးခဲ့ပါတယ်။ အနုပညာရှင်ပေါင်း ဘယ်နှစ်ယောက်ပါဝင်ကြပါသလဲ။ အနုပညာရှင်တွေကတော့ အမေရိကားမှာ အခြေချ နေထိုင်လျက်ရှိကြတဲ့ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေ စုစုပေါင်း ၁၇ ယောက်ဖြစ်ပါတယ်။ အနုပညာပြပွဲပြုလုပ်ရခြင်းနောက် အကျိုးဆက် ဘယ်လိုတွေ ရှိလာမယ်လို့ မျှော်မှန်းပါသလဲ။ အခုလို အနုပညာပြပွဲ ပြုလုပ်ခြင်း နောက်ဆက်တွဲ၊ အကျိုးဆက် မျှော်မှန်းချက်တွေက ကိုယ်ချစ်မြတ်နိုးတဲ့ အမိမြန်မာနိုင်ငံ ရဲ့  ယဉ်ကျေးမှု ၊ ဓလေ့ ၊ အနုပညာတွေကို လူမျိုးခြားတွေ ပိုမို သိစေခွင့်ရစေချင်တာရယ်၊ မြန်မာ့အနုပညာနဲ့ အနုပညာရှင်တွေဟာ နေရာအသီးသီးမှာ ရောက်ရှိနေကြပေမယ့် အခြားနိုင်ငံများမှ အနုပညာရှင်တွေကို ရင်ဘောင်တန်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် အခြေအနေထိအောင် ရောက်အောင် ထိုးဖောက်နိုင်ဖို့ မျှော်မှန်းပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီနိုင်ငံကို ရောက်ရောက်ချင်း ကျောင်း ၄ နှစ်တက်ပြီးတော့ ဘွဲ့ရရှိပြီးတော့ အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးတော့ တစ်ဘက်ကလည်း ကိုယ်တတ်တဲ့ ပန်းချီပညာနဲ့လည်း ပန်းချီကားလေးတွေ ဆွဲဖြစ်ရင်း ဒီလို စုစည်းတဲ့ အနုပညာပြပွဲလေးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ နောက်ထပ် ဒီလို အနုပညာပြပွဲတွေလုပ်ဖို့ရော အစီအစဉ်ရှိပါသလား။ ဟုတ်ကဲ့။ နောက်ထပ်လည်း ဒီလိုမျိုး ပြပွဲလေး ပန်းချီအနုပညာရှင်တွေ စုစုစည်းစည်းနဲ့ ပြုလုပ်ပေးဖို့ အခြားမြို့ က ကမ်းလှမ်းမှုတွေ ရှိနေပြီဆိုတာလည်း ဒီပြပွဲကို စီစဉ်သူ ပန်းချီဆရာမ ချောအိသိမ်းက ပြောပါတယ်။ အားလုံး ခြုံငုံပြောရရင် ဒီပွဲလေးဖြစ်မြောက်အောင်မြင်သွားတာ ပန်းချီဆရာ၊ အနုပညာရှင်တွေ အားလုံးက အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အရောင်အသွေးစုံလင်လှတဲ့ အနုပညာပြပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပြပွဲကို ပြသချိန် တစ်လ တိုးမြှင့်လိုက်ပြီးတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ မြန်မာလူမျိုးမဟုတ်တဲ့ လူမျိုးခြားတွေ အတွက် သီးသန့် ပြပွဲ ဖွင့်လှစ်ပြသပါမယ်လို့ ပြခန်းပိုင်ရှင်က စီစဉ်လို့ ကျွန်တော်တို့ အနုပညာရှင်တွေအားလုံး အတိုင်းမသိ ဝမ်းသာကြရပါတယ်။ အခုလိုဖြေကြားပေးတဲ့ ကိုမျိုးကို လောကအလှမှ ကျေးဇူးတင်ရှိပါတယ် ရှင်။ ပြပွဲ ဓာတ်ပုံများကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
အနုပညာ သက်တမ်း ၁၀နှစ်ကျော် ကြာနေပြီ ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အခုအချိန်ထိ အနုပညာလုပ်ငန်းကိုပဲ အာရုံစိုက်ပြီး တစိုက်မတ်မတ် ပြုလုပ်နေတာပါ။
ကြိုးစားမှုကြောင့် ပရိသတ်များစွာရဲ့ အားပေးမှု ရရှိသလို အကယ်ဒမီ ဆုကိုလည်း ရရှိထားတဲ့ အိန္ဒြာကျော်ဇင်က ပြည်ပဖျော်ဖြေပွဲ အချို့ကိုလည်း သွားရောက်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာ အမေရိကားရှိ ဆွေမျိုးများထံ အလည်အပတ် သွားရောက်ပြီး ပြန်ရောက်ရောက်ချင်းမှာပဲ ရွှေအမြုတေ အတွက် မေးမြန်းဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံကို အမေရိကား မသွားခင် ရက်ပိုင်းလေးမှာ နေ့တစ်ဝက်လုံးလုံး အချိန် ပေးပြီး ရိုက်ကူး ပေးခဲ့တာ ပါ။ အမေရိကား မသွားခင် ဇာတ်ကား ရိုက်ကူးမှုများကို အပြီးသတ် ရိုက်ကူးပေးတာကြောင့် ဇာတ်ကားရိုက် ပြတ်တဲ့ရက်မှာ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးခြင်း ဖြစ်ပါတယ်။ အ၀တ်အစား ဒီဇိုင်းကို အိန္ဒြာကျော်ဇင်က သူ့စိတ်တိုင်းကျ ပြင်ဆင်လာတာ ဖြစ်ပြီး မိတ်ကပ် အတွက် မေသန်းက ပြင်ဆင် ပေးထားတာ ဖြစ်ပါ တယ်။ ဓာတ်ပုံ ရိုက်ကူးမှုကို ဓာတ်ပုံဥာဏက တာဝန်ယူ ပေးပြီး မျှော်စင်ကျွန်း ၀င်းထဲမှာပဲ ရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှု အတွက် မျှော်စင်ကျွန်းမှာ ရိုက်ကူး နိုင်ဖို့နဲ့ အ၀တ်အစား လဲနိုင်ဖို့ အတွက် အခန်းများ စီစဉ်ပေး တဲ့ ကရ၀ိက်မှ မသင်းသင်းလှိုင်ကို ကျေးဇူးတင်ကြောင်း ဆိုချင်ပါတယ်။
ဝါရင့် အနုပညာရှင် ပီပီ အ၀တ်အစားရော၊ နေရာဒေသနဲ့ လိုက်ဖက်အောင် အိုက်တင် အမျိုးမျိုး လုပ်တတ်တဲ့ အိန္ဒြာကျော်ဇင်က ဓာတ်ပုံ ရိုက်ရင်း ဒီအိုက်တင် မလုပ်ရသေးဘူး။ ရိုက်လိုက်ပါဦး ဆိုတာနဲ့ပဲ ဓာတ်ပုံတော်တော် များများ ရိုက်ပေးခဲ့ပါတယ်။ အချိန်ပေး ရိုက်ကူးပေးတဲ့ အိန္ဒြာကျော်ဇင်ကို ကြယ်စင် မော်ကွန်း ရိုက်ကွင်းမှာ တွေ့ဆုံ ဖြစ်တာပါ။ အဲဒီနေ့ ရိုက်ကွင်းက သားနဲ့ အမေအချေ အတင် စကား ပြောကြရတဲ့ ဇာတ်ဝင်ခန်းပါ။ မူးယစ်ဆေး သုံးစွဲနေတဲ့ သားတစ် ယောက်ကို အဘိုး၊ အဘွား တွေ အသက်နဲ့ ရင်းပြီး ယူခဲ့ရတဲ့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်ရမှာ ဖြစ်သလို၊ မြန်မာဆိုပြီး ငွေ့ငွေ့ လေးသာ ကျန်တော့တဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်း ရမယ် ဆိုတဲ့ စကားများကို ပြောရတာပါ။ ဒီနေ့ခေတ် ပုံစံ မဟုတ်သလို၊ ပြောနေကျ စကားလုံးများ မဟုတ်တဲ့ အတွက် စကားလုံးများ မမှားရအောင်၊ အိုက်တင်လည်း ကောင်းအောင် ဂရုတစိုက် ရိုက်ကူး ရသလို ကင်မရာ နေရာအမျိုးမျိုး ပြောင်းတာကြောင့် အချိန်ပေး ရိုက်ကူးနေတာ တွေ့ရပါတယ်။ အမေရိကား ခရီးက ပြန်ရောက်ရောက်ချင်း ဖြစ်တာကြောင့် နေ့နဲ့ည မှားတဲ့ ဒုက္ခ ခံစား နေရပါတယ်။ အမေရိကားရှိ LA, ဆန်ဖရန်စစ္စကို၊ လပ်စ်ဗီးဂတ်စ်၊ တက္ကဆက်၊ မာယာမီ ကမ်းခြေစတဲ့ နေရာများကို သွားရောက် လည်ပတ်ခဲ့ပြီး အမေရိကား ရောက်နေတဲ့ အစ်ကို ဖြစ်သူနဲ့ အတူတူ လည်ခဲ့သလို သူငယ်ချင်းများနဲ့လည်း လည်ပတ်ခဲ့တာပါ။ အမေရိကားမှာ သီချင်းများနဲ့ ဖျော်ဖြေပေးသလို ပြဇာတ်နဲ့လည်း ဖျော်ဖြေပေးတဲ့ အိန္ဒြာကျော်ဇင်က အမေရိကားရောက် မြန်မာ ပရိသတ်များနဲ့ ပထမဆုံး ဆုံတွေ့ခြင်း ဖြစ်ပါတယ်။ ပရိသတ်ရဲ့ အားပေး မှု၊ တုံ့ပြန်မှုများ ရခဲ့တဲ့ အိန္ဒြာကျော်ဇင် တက္ကဆက်ပြည် နယ်မှာShopping အဓိက ထွက်ခဲ့တာပါ။
(ဆက်ဖတ်ရန်) Read More Add Comment (0) Hits: 343
" အနုပညာကို ခံစားနေထိုင်ခြင်း "
" နေနေ "
" မူရင်း အသံ ရယူရန်"
" Blog ပေါ်ကနေ ရုပ်သံဘယ်လိုလွှင့်ကြမလဲ "
စုမြတ်မွန် + မျိုးချစ်မြန်မာ + သားညိုဦး
"အသံလွှင့် ရတာ ဝါသနာပါသူတွေအတွက် ရုပ်ရော အသံပါလွှင့်နိုင်ဖို့ လုပ်ပေးထား တာဖြစ်တယ်၊" (Blogger မျိုးချစ်မြန်မာ)
Blog စာမျက်နှာတွေပေါ်ကနေ Webcast နဲ့  တိုက်ရိုက် ရုပ်သံလွှင့် နိုင်မဲ့  နည်းလမ်းကို မစုမြတ်မွန်က ရှာဖွေပြီး Blogger တွေပြောသမျှအစီအစဉ်မှာ ပြောပြထားပါတယ်။
Mr. Creator နှင့် တွေ့ဆုံမေးမြန်းခြင်း(RFA)
ကိုညို + Mr. Creator
ခုလို...အကြောင်းအမျိုးမျိုးနဲ့  နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့် အမိမြေကို လွမ်းဆွတ်ရင်း မြန်မာတွေကို ချစ်တဲ့... မြန်မာတွေရဲ့ မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက လွတ်မြောက်စေချင်တဲ့စိတ်နဲ့ စာနာ နားလည် ပေးတတ်သူတိုင်း အတွက် ရည်ရွယ်ပါတယ်။ လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့ မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ ကျွန်တော့် အသက်ရှိနေသေးသ၍ ထောက်ခံအားပေးနေပါတယ်။ အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း အမြဲတမ်းကြိုဆိုပါတယ်။
"အမိမြန်မာပြည်ကြီးလဲ.. ချစ်တဲ့အမေစုနဲ့အတူ.. မကြာခင်လွတ်မြောက်နိုင်ပါစေ"
Myo Chit
President
Myo Chit Myanmar HD Media Production California, USA Phone - (310) 734-8310 Mon - Sat 10:00 AM - 7:00 PM PST Please call only during business hour.
Can't see Myanmar letters?
You need to install Zaw Gyi Font. Already installed but still can't see yet? Then you will need to remove the old fonts first. Use both of these removers below and restart your PC. Open C:/windows/fonts and make sure there is no ZawGyi fonts installed. Vista user will need to install Key Board first Download and unzip the file, Open the folder and click on the file named setup 64 Bit version users need to choose a file accordingly Then download and reinstall ZawGyi from below, Then restart your PC again.
Enjoy!
Get ZawGyi Remover
Get Gtalk Add-In Remover
Get ZawGyi Blog day Version (Best)
Get ZawGyi Key Board For Vista
စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ… အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓါတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ် (ဗိုလ်ချုပ်အောင်ဆန်း)
(ဗိုလ်ချုပ်အောင်ဆန်း)
မြန်မာပြေသည် ဒို့ပြေ.. အောင်ဆန်းစုကြည် ဒို့အမေ… မြန်မာစာသည် ဒို့စာ.. ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ… မြန်မာစကားသည် ဒို့စကား.. သန်းရွှေပြောတာမုသားပါ…
ဒို့အမေကို ချစ်ပါ.. ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ.. တပ်နဲ့ပြည်သူ ပူးပေါင်းပါ.. နအဖကိုတိုက်ထုတ်ပါ… မျိုးချစ်
မျိုးချစ်
ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့ မြတ်သောသံယာ မရှောင်ပါဘူး မေတ္တာချည်းနှည်း မိုက်လုံးကြီး
ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့ ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး သန်းရွှေခွေးကြီး သောက်ပြောကြီး
ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့ မြင်ရာသတ်ဟ ထိုဒေါသနှင့် နအဖတွင် ခွေးစိတ်ဝင်သည် ငရဲပင်မေ့နေလေပြီလား မျိုးချစ်
လက်နက်အားကိုး မအေရိုး သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…
သာသနာတော်ပြန်လည်ထွန်းကားရေးနှင့် သံဃာတော် များ၏ အရေးကို သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…
နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်ကူညီ ဖြေရှင်းပေးသော ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…
ပြည်တွင်းပြည်ပ ဘလော့ဂါများအား မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ… မျိုးချစ်
Visiting from another computer?
Can't read or install Zaw Gyi?
Just copy the letters you can't read then paste them into this box
Wala!!! :P
DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ် အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ
အဆင်ပြေကြမယ်လို့ထင်ပါတယ်